5078

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၃.၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ အမျိုးသားလွှတ်တော်ရှိ တိုင်းရင်းသားရေးရာကော်မတီနှင့် တွေ့ဆုံရာတွင် ဆွေးနွေးလိုသည့်အချက်များနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၃.၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၁း၂၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။